ဝဘ်ဆိုက်အကြောင်း
အဓိကမစ်ရှင်
ဆန်နှင့် ဆန်စပါးမျိုးစေ့ ထုတ်တောင်သူများ၊ ကုမ္ပဏီများ နှင့် လုပ်ငန်းရှင်များကြားဆက်သွယ်ပေးရန်။
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသော ဆန်စပါးမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)သည် ဂျာမနီ အခြေစိုက် Welt Hungerhlife(WHH) နှင့် ပူးပေါင်းကာ ဆန်စပါးမျိုးစေ့ဝက်ဘ်ဆိုက် (Seed Website / Seed Portal) တစ်ခုထူထောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံဆန်လုပ်ငန်းအသင်းအား အမျိုးသားအဆင့်အထိ အဆင့်မြှင့်တင်ကာ တရားဝင်ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် မြန်မာ့ဆန်လုပ်ငန်း၏ ပုဂ္ဂလိက ကဏ္ဍကို ကိုယ်စားပြုသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မဟာဗျူဟာကျသော အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံဆန်ဆက်လုပ်ငန်းရှင်များအသင်း။ မြန်မာ့ဆန်စပါးလုပ်ငန်းရှင်များအသင်၊ မြန်မာ့စပါးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်နှင့် လယ်သမားများ၊ ဆန် နိုင်ငံခြားသို့တင်ပို့ရောင်းချသူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန်သည်များဖြစ်သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏အဓိကရည်ရွယ်ချက်မှာ ဆန်စပါးဈေးကွက်ရှိ အရင်းအမြစ်များအားလုံးကို အကျိုးရှိစွာ ထိထိရောက်ရောက်အသုံးပြုခြင်းဖြင့် မြန်မာ့ဆန်စပါးဈေးကွက် ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်းကို အထောက်အပံ့ပြု ဖော်ဆောင်ရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်များနှင့် ပါဝင်သူများ၏အကျိုးစီးပွားကို ဦးတည်သည့် အသင်းဝင်မောင်းနှင်သည့် အသင်းချုပ် တစ်ခုဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ရောင်းအားနှင့် ဈေးနှုန်းတည်ငြိမ်မှု သေချာစေရန် ဆောင်ရွက်ခြင်း၊ သန့်စင်မှု့နှင့် သိုလှောင်မှုတွင် လိုအပ်သောအခြေခံအဆာက်အဦများအား ခေတ်မှီအောင် အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်သူများနှင့် ပါဝင်သူများအား ဆွဲဆောင်ခြင်းနှင့် အရေးအကြီးဆုံးဖြစ်သည့် နိုင်ငံ့စားနပ်ရိက္ခာဖူလုံမှုရှိစေရန် ဆောင်ရွက်လျှက်ရှိပါသည်။