Phone Zaw Paing
ဝယ်ယူသူ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံဖိတ်ကြားခြင်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၀ပြည့်နှစ်၊ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံကို အောက်ပါအစီအစဥ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တက်ရောက်ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် - (က) ကျင်းပမည့်နေ့ရက် - ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၆)ရက် (စနေနေ့) (ခ) ကျင်းပမည့်အချိန် - နံနက် (၁၀:၀၀)နာရီ (၉:၄၅ နာရီတွင် ကြိုတင် ဝင်ရောက်ပေးပါရန်) (ဂ) ကျင်းပမည့်ပုံစံ - Virtual Meeting (Zoom Application) ▪ အသင်းသားများအနေဖြင့် ပါဝင်တက်ရောက်နိုင်ပါရန်နှင့် ဆွေးနွေးအကြံပြုလိုသည်များရှိပါက အကြံပြုချက်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးသို့ (၂၂.၁၂.၂၀၂၀)ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ▪ ညီနောင်အသင်းများ၏ အသင်းဝင်များမှာ အသင်းချုပ်တွင် (ခ)အဆင့် အသင်းဝင်များအဖြစ် သတ်မှတ်ထားရှိပါသောကြောင့် စိတ်ပါဝင်စားမှုရှိသူများအနေဖြင့် စာရင်းပေးတက်ရောက်နိုင်ပါသည်။ ▪ သတင်းမီဒီယာများအနေဖြင့်လည်း စာရင်းကြိုတင်ပေးသွင်း၍ ပါဝင်တက်ရောက်နိုင်ပါသည်။ ▪ အသင်းချုပ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို အသင်းသားများ အဆင်ပြေချောမွေ့စွာ ပါဝင်တက်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်း : 01 2301128~29, 01 218266~68, Hot Line : 09 694386994, 09 694386995, Email : admin@mrf.com.mm, ceo@mrf.com.mm, eo@mrf.com.mm တို့တွင် ကြိုတင် အမည်စာရင်း ပေးသွင်းနိုင်ပြီး စာရင်းပေးသွင်းထားသူများအား Meeting Link, Meeting ID နှင့် Passcode များအား ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။

နောက်တကြိမ်တွင် တက်ရောက်ပါမည်

လဠ ထဃခ်ခခိ ့အ်လ ခ့အခခဃိ့်မ်ခ ခခဃခ့ဃ